AA တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ကြောင်း အီးယူထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ မြင့်တက်လာမှုကို ထိန်းချုပ်ရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)က တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းများ ကို တိုက်ခိုက်မှုအား ရှုတ်ချကန့် ကွက်ပြီး အသက်များစွာဆုံးရှုံးရသဖြင့် ဥရောပသမဂ္ဂအနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရ ကြောင်း ဇန်နဝါရီ ၁၀ ရက်ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

‘အခြေအနေကို ထိန်းချုပ် နိုင်ရန် တောင်းဆိုအပ်ပြီး သက် ဆိုင်ရာအဖွဲ့အစည်းများ အားလုံး အနေဖြင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေအရ ၎င်းတို့၏တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်းဖြင့် အရပ် သားများကို ကာကွယ်ရန် တိုက် တွန်းအပ်ပါသည်။ ရခိုင်ပြည်နယ် ရှိ နက်နဲခိုင်မာစွာ အမြစ်တွယ်နေ သော သမိုင်းဝင်နာကြည်းချက် များသည် ဆွေးနွေးပွဲများနှင့် နိုင်ငံ ရေးဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် သာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ပါသည်’ အီးယူသတင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် တပ်မတော်၏မြန်မာ နိုင်ငံမြောက်ဘက်နှင့် အရှေ့ဘက် ရှိ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအများအပြားတွင် အပစ်အခတ်ရပ်စဲခြင်း ကြေညာထားသ ဖြင့် ဥရောပသမဂ္ဂအနေဖြင့် ဝမ်းမြောက်မိကြောင်းနှင့် ဆက်လက်၍ အပစ်အခတ်ရပ်စဲရေး လေးလထက် ပိုမိုကြာရှည်စေရန်၊ ရခိုင်ပြည်နယ်ပါ ပါဝင်လာရန် မျှော်လင့်ကြောင်း အီးယူက ဆိုသည်။

ယင်းသည် ဆယ်စုနှစ်များ စွာ ကြာမြင့်သော ပဋိပက္ခ၏ အဆုံးသတ်ကို ရောက်ရှိရန် ဖန်တီးပေး နိုင်ပြီး မြန်မာနိုင်ငံသားအားလုံး၏ အခွင့်အရေးကို လေးစားကာကွယ်သည့် ပွင့်လင်းသောအမြင် ကို အခြေခံသော တစ်နိုင်ငံလုံးအ တိုင်းအတာငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူနိုင်မည်ဖြစ် ကြောင်းလည်း ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်နှင့် လူမှုစီးပွားပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုတို့အ တွက်၊ ရှေ့ဆက်၍ ခိုင်မာသော ထောက်ပံ့ကူညီမှုအတွက် ဥရောပသမဂ္ဂက ထပ်မံ အတည်ပြု ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

7day dayly news