၀ါရွင္တန္ဒီစီမွာ က်င္းပမယ့္ ကန္သမၼတေဟာင္းရဲ႕ ႏိုင္ငံေတာ္စ်ာပန

ကြယ္လြန္သူ အေမရိကန္သမၼတေဟာင္း George H. W. Bush ရဲ႕ စ်ာပန အခမ္းအနားကို ဝါရွင္တန္ၿမိဳ႕ေတာ္က အမ်ိဳးသားဘုရားေက်ာင္းမွာ ဒီကေန႔ ဗုဒၵဟူးေန႔မွာ က်င္းပၿပီး၊ ရုပ္အေလာင္းကို သၿဂၤိဳလ္ဖို႔ Texas ျပည္နယ္ျပန္လည္ သယ္ေဆာင္မွာ ျဖစ္ပါတယ္။ အေမရိကန္ကြန္ကရက္လႊတ္ေတာ္အေဆာက္အဦးမွာ တနလၤာေန႔ညေန ကေန ဒီေန႔ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းအထိ ဂုဏ္ျပဳထားရွိတဲ့ အေမရိကန္ရဲ႕ ၄၁ ေယာက္ေျမာက္ သမၼတရဲ႕ ရုပ္အေလာင္းကို ေထာင္ေသာင္းခ်ီတဲ့ လူထုက လာေရာက္ ဂါရဝျပဳေနၾကပါတယ္။ ကြန္ကရက္လႊတ္ေတာ္ရဲ႕ ဗဟိုပင္မခန္းမေဆာင္ႀကီးမွာ တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ သာမန္ျပည္သူေတြက သူတို႔ရဲ႕ သမၼတေဟာင္းကို အတူတကြ လာေရာက္ဂါရဝျပဳေနၾကတဲ့အေၾကာင္း၊ Zlatika Hoke က သတင္းေပးပို႔ထားပါတယ္။ ေဒၚခင္စိုးဝင္းကေျပာျပေပးမွာပါ။

ႏိုင္ငံေတာ္စ်ာပနအခမ္းအနားကို အမ်ိဳးသားဘုရားေက်ာင္းမွာ ဒီေန႔ဗုဒၶဟူးေန႔ မွာ မက်င္းပမွီ၊ သမၼတ George H. W. Bush ရဲ႕ ရုပ္အေလာင္းကို ကြန္ကရက္လႊတ္ေတာ္မွာ ဂါရဝျပဳခံဖို႔ ဂုဏ္ျပဳထားရွိပါတယ္။ ေယဘူယ်အားျဖင့္၊ ေအးေဆးတာၿငိမ္ၿပီး အၾကင္နာတရားရွိေပမဲ့၊ ရဲရင့္သတၱိရွိတဲ့ အေမရိကန္သမၼတေဟာင္းကို ျပည္သူေတြက ေနာက္ဆံုးအေနနဲ႔ ဂါရဝျပဳၾကဖို႔ စည္းကမ္းေသဝပ္စြာ တန္းစီေနတာေတြ႔ရပါတယ္။ သမၼတရဲ႕ ဇာတိ Texas ျပည္နယ္ကလာသူ တေယာက္ကေတာ့။

“ေအာ္…က်ေနာ္က Texas ကပါ။ သမၼတကလည္း Texas ကဆိုတာ အားလံုးသိၾကမွာပါ။ သူကေတာ့ တကယ့္ကို ေလးစားဖို႔ေကာင္းပါတယ္။ သူက ႏွစ္ေတြအေတာ္ၾကာၾကာ၊ ေကာင္းတာေတြ အမ်ားႀကီး လုပ္ေပးခဲ့တာပါ။”

Illinois ျပည္နယ္၊ Chicago ၿမိဳ႕ကလာသူတေယာက္ကေတာ့၊ George H. W. Bush ၄၁ ဦးေျမာက္ သမၼတတာဝန္ထမ္းေဆာင္ခ်ိန္မွာ၊ သတင္းေတြက သူေကာင္းတာ လုပ္ခဲ့တာေတြကို သိပ္မေဖၚျပခဲ့ၾကဘူးလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ သူ႔ကို သတိရေအာင္းေမ့ေနမွာပါ။ သူ႔ရဲ႕ ယဥ္ေက်းသိမ္ေမြ႔တဲ့ပံုစံကိုေပါ့။ အခုမွ သတင္းမီဒီယာေတြက သူဟာ တကယ္ႀကီးျမတ္တယ္၊ ျမင့္ျမတ္တယ္ေျပာေနၾကတာ၊ သူ သမၼတဘဝတုန္းကေတာ့ သူ႔ကို အႀကီးအက်ယ္ ေဝဖန္ခဲ့ၾကတာပါ။”

အေမရိကန္အေရွ႔ေျမာက္ပိုင္း Maine ျပည္နယ္ကလာတဲ့ အၿငိမ္းစားျပည္သူ႔ ဝန္ထမ္းကေတာ့

“ သူဟာ စစ္ျပန္သူရဲေကာင္းတေယာက္လည္းျဖစ္၊ ႀကီးျမတ္တဲ့ သမၼတ တေယာက္လည္းျဖစ္ပါတယ္။ သူ႔အစိုးရလက္ထက္မွာေရာ၊ သူ႔သားလက္ထက္မွာေရာ က်ေနာ္တာဝန္ထမ္းေဆာင္ခဲ့တာဆိုေတာ့၊ ဒီကိုလာၿပီး ဂါရဝျပဳတာ က်ေနာ့္အတြက္ သိပ္အႏွစ္သာရရွိတာေပါ့ဗ်ာ။”

သမၼတ Bush လက္ထက္တုန္းက သူအထက္တန္းေက်ာင္းတက္ေနတုန္း ပဲရွိေသးတယ္လို႔ ေျပာလာသူကေတာ့ ေမရီလန္းျပည္နယ္ကေန ဂါရဝလာျပဳတာပါတဲ့။

“ သမၼတ Bush ကေတာ့ Republican သမၼတေတြထဲမွာ သေဘာထားေပ်ာ့ေျပာင္းတဲ့ ေနာက္ဆံုးသမၼတတေယာက္လို႔ က်ေနာ္ ယူဆပါတယ္။”

ကြန္ကရက္လႊတ္ေတာ္ရဲ႕ ဗဟိုပင္မခန္းမေဆာင္ႀကီးမွာ တနလၤာေန႔ညေနပိုင္းကစၿပီး ဂုဏ္ျပဳထားရွိတဲ့သမၼတရုက္အေလာင္းကို ေထာင္ေသာင္းခ်ီတဲ့ျပည္သူေတြ ဂါရ ဝျပဳခဲ့ၾကပါတယ္။ Republican သမၼတေလာင္းအျဖစ္ၿပိဳင္ဘက္ျဖစ္ခဲ့ဘူးသူ၊ ဘီးတပ္ ကုလားထိုင္နဲ႔ လာေရာက္သူ အထက္လႊတ္ေတာ္အမတ္ေဟာင္း Bob Dole အပါအဝင္၊ စစ္ျပန္ သူရဲေကာင္းေတြနဲ႔ ဝါရင့္ ႏိုင္ငံေရးသမားေတြလည္း မေန႔က အဂၤါေန႔က လာေရာက္ ဂါရဝျပဳၾကပါတယ္။

သမၼတ Bush ကို အနီးကပ္ေစာင့္ေရွာက္ခဲ့တဲ့ Sully ဆိုတဲ့ ေခြးကေလးကလည္း သူ႔သခင္ ကို လာေရာက္ႏႈတ္ဆက္ရွာပါတယ္။

သမၼတထရမ့္နဲ႔ ဇနီး Melania တို႔ကလည္း ကြန္ကရက္လႊတ္ေတာ္ ခန္းမမွာထားရွိတဲ့ သမၼတ Bush ရုပ္အေလာင္းကို တနလၤာေန႔ညပိုင္းကလာေရာက္ဂါရဝျပဳခဲ့ၾကပါတယ္။ အမ်ိဳးသားဘုရားေက်ာင္းမွာ ဒီေန႔ ဗုဒၶဟူးေန႔မွာက်င္းပမယ့္ ႏိုင္ငံေတာ္ စ်ာပနအခမ္းအနားကိုသမၼတ Trump တက္ေရာက္ဖို႔ကိုလည္း စီစဥ္ထားပါတယ္။

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း George H. W. Bush ရဲ့ ဈာပန အခမ်းအနားကို ဝါရှင်တန်မြို့တော်က အမျိုးသားဘုရားကျောင်းမှာ ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာ ကျင်းပပြီး၊ ရုပ်အလောင်းကို သြင်္ဂိုလ်ဖို့ Texas ပြည်နယ်ပြန်လည် သယ်ဆောင်မှာ ဖြစ်ပါတယ်။ အမေရိကန်ကွန်ကရက်လွှတ်တော်အဆောက်အဦးမှာ တနင်္လာနေ့ညနေ ကနေ ဒီနေ့ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအထိ ဂုဏ်ပြုထားရှိတဲ့ အမေရိကန်ရဲ့ ၄၁ ယောက်မြောက် သမ္မတရဲ့ ရုပ်အလောင်းကို ထောင်သောင်းချီတဲ့ လူထုက လာရောက် ဂါရဝပြုနေကြပါတယ်။ ကွန်ကရက်လွှတ်တော်ရဲ့ ဗဟိုပင်မခန်းမဆောင်ကြီးမှာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သာမန်ပြည်သူတွေက သူတို့ရဲ့ သမ္မတဟောင်းကို အတူတကွ လာရောက်ဂါရဝပြုနေကြတဲ့အကြောင်း၊ Zlatika Hoke က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

နိုင်ငံတော်ဈာပနအခမ်းအနားကို အမျိုးသားဘုရားကျောင်းမှာ ဒီနေ့ဗုဒ္ဓဟူးနေ့ မှာ မကျင်းပမှီ၊ သမ္မတ George H. W. Bush ရဲ့ ရုပ်အလောင်းကို ကွန်ကရက်လွှတ်တော်မှာ ဂါရဝပြုခံဖို့ ဂုဏ်ပြုထားရှိပါတယ်။ ယေဘူယျအားဖြင့်၊ အေးဆေးတာငြိမ်ပြီး အကြင်နာတရားရှိပေမဲ့၊ ရဲရင့်သတ္တိရှိတဲ့ အမေရိကန်သမ္မတဟောင်းကို ပြည်သူတွေက နောက်ဆုံးအနေနဲ့ ဂါရဝပြုကြဖို့ စည်းကမ်းသေဝပ်စွာ တန်းစီနေတာတွေ့ရပါတယ်။ သမ္မတရဲ့ ဇာတိ Texas ပြည်နယ်ကလာသူ တယောက်ကတော့။

“အော်…ကျနော်က Texas ကပါ။ သမ္မတကလည်း Texas ကဆိုတာ အားလုံးသိကြမှာပါ။ သူကတော့ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။ သူက နှစ်တွေအတော်ကြာကြာ၊ ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တာပါ။”

Illinois ပြည်နယ်၊ Chicago မြို့ကလာသူတယောက်ကတော့၊ George H. W. Bush ၄၁ ဦးမြောက် သမ္မတတာဝန်ထမ်းဆောင်ချိန်မှာ၊ သတင်းတွေက သူကောင်းတာ လုပ်ခဲ့တာတွေကို သိပ်မဖေါ်ပြခဲ့ကြဘူးလို့ ပြောပါတယ်။

“ကျနော်တို့ သူ့ကို သတိရအောင်းမေ့နေမှာပါ။ သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ပုံစံကိုပေါ့။ အခုမှ သတင်းမီဒီယာတွေက သူဟာ တကယ်ကြီးမြတ်တယ်၊ မြင့်မြတ်တယ်ပြောနေကြတာ၊ သူ သမ္မတဘဝတုန်းကတော့ သူ့ကို အကြီးအကျယ် ဝေဖန်ခဲ့ကြတာပါ။”

အမေရိကန်အရှေ့မြောက်ပိုင်း Maine ပြည်နယ်ကလာတဲ့ အငြိမ်းစားပြည်သူ့ ဝန်ထမ်းကတော့

“ သူဟာ စစ်ပြန်သူရဲကောင်းတယောက်လည်းဖြစ်၊ ကြီးမြတ်တဲ့ သမ္မတ တယောက်လည်းဖြစ်ပါတယ်။ သူ့အစိုးရလက်ထက်မှာရော၊ သူ့သားလက်ထက်မှာရော ကျနော်တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့၊ ဒီကိုလာပြီး ဂါရဝပြုတာ ကျနော့်အတွက် သိပ်အနှစ်သာရရှိတာပေါ့ဗျာ။”

သမ္မတ Bush လက်ထက်တုန်းက သူအထက်တန်းကျောင်းတက်နေတုန်း ပဲရှိသေးတယ်လို့ ပြောလာသူကတော့ မေရီလန်းပြည်နယ်ကနေ ဂါရဝလာပြုတာပါတဲ့။

“ သမ္မတ Bush ကတော့ Republican သမ္မတတွေထဲမှာ သဘောထားပျော့ပြောင်းတဲ့ နောက်ဆုံးသမ္မတတယောက်လို့ ကျနော် ယူဆပါတယ်။”

ကွန်ကရက်လွှတ်တော်ရဲ့ ဗဟိုပင်မခန်းမဆောင်ကြီးမှာ တနင်္လာနေ့ညနေပိုင်းကစပြီး ဂုဏ်ပြုထားရှိတဲ့သမ္မတရုက်အလောင်းကို ထောင်သောင်းချီတဲ့ပြည်သူတွေ ဂါရ ဝပြုခဲ့ကြပါတယ်။ Republican သမ္မတလောင်းအဖြစ်ပြိုင်ဘက်ဖြစ်ခဲ့ဘူးသူ၊ ဘီးတပ် ကုလားထိုင်နဲ့ လာရောက်သူ အထက်လွှတ်တော်အမတ်ဟောင်း Bob Dole အပါအဝင်၊ စစ်ပြန် သူရဲကောင်းတွေနဲ့ ဝါရင့် နိုင်ငံရေးသမားတွေလည်း မနေ့က အင်္ဂါနေ့က လာရောက် ဂါရဝပြုကြပါတယ်။

သမ္မတ Bush ကို အနီးကပ်စောင့်ရှောက်ခဲ့တဲ့ Sully ဆိုတဲ့ ခွေးကလေးကလည်း သူ့သခင် ကို လာရောက်နှုတ်ဆက်ရှာပါတယ်။

သမ္မတထရမ့်နဲ့ ဇနီး Melania တို့ကလည်း ကွန်ကရက်လွှတ်တော် ခန်းမမှာထားရှိတဲ့ သမ္မတ Bush ရုပ်အလောင်းကို တနင်္လာနေ့ညပိုင်းကလာရောက်ဂါရဝပြုခဲ့ကြပါတယ်။ အမျိုးသားဘုရားကျောင်းမှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် နိုင်ငံတော် ဈာပနအခမ်းအနားကိုသမ္မတ Trump တက်ရောက်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

Unicode….