ေငြစကၠဴအတု မ်ား ဖမ္းဆီးရမိသည့္ ေနာ္ေသာ့သြဲ႕ထူးအတြက္ စင္ကာပူအလုပ္ရွင္က နစ္နာေၾကး က်ပ္ ၃၄ သိန္းေက်ာ္ ျပန္လည္ေပးအပ္

တစ္ေသာင္းတန္ေငြစကၠဴအတုမ်ား ျဖင့္ တရားစြဲဆို ဖမ္းဆီးျခင္းခံရသည့္ ေနာ္ေသာ့သြဲ႕ထူးအား ၄င္း၏စင္ကာပူႏိုင္ငံ အလုပ္ရွင္က က်ပ္ေငြ ၃၄ သိန္းေက်ာ္ကို ဇန္န၀ါရီ ၈ရက္က ဒိုက္ဦးၿမိဳ႕နယ္က ဘဏ္တစ္ခုသို႕ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ ဦးလွ၀င္းက ေျပာၾကားသည္။

” မေန႕က လႊဲေပးလိုက္တာပါ။ သူဆံုးရံႈးသြားတဲ့ ၂၉ သိန္းေျခာက္ေသာင္း အစားကို အခု ၃၄ သိန္းအစြန္းထြက္ေလးကို လႊဲေပးလိုက္တယ္။ ကြ်န္ေတာ္တို႕ကေတာ့ ျပည္သူက နစ္နာတဲ့အတြက္ အခုလို နစ္နာေၾကးျပန္ေပးတာ ၀မ္းသာတာေပါ့။သူရသင့္ ရထိုက္တဲ့အခြင့္အေရးပဲ။ သူမ်ားႏိုင္ငံမွာ အလုပ္ လုပ္ၿပီးေတာ့ ေငြတုေတြနဲ႕ တိုးၿပီးတကယ္နစ္နာတဲ့အျပင္ကို အဖမ္းပါခံရတယ္ဆိုေတာ့ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အလုပ္တစ္ခုလို႕ျမင္တယ္။ ျဖစ္သင့္ျဖစ္ထိုက္တယ္လို႕ထင္တယ္” ဟု ဦးလွ၀င္းက ရွင္းျပသည္။

လက္ရွိတြင္ ေနာ္ေသာ့သြဲ႕ထူးအေနျဖင့္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၅ ကို ဆက္လက္ေျဖရွင္းရန္က်န္ရွိေနေသးၿပီး၊ လာမည့္ ဇန္န၀ါ၇ီ ၁၇ ရက္တြင္ ဆက္လက္စစ္ေဆးရန္ ခ်ိန္း ဆိုထားေၾကာင္းသိရသည္။

Credit-မင္းရန္ေနာင္/PyiMyanmar

Unicode ……..

တစ်သောင်းတန်ငွေစက္ကူ အတု များ ဖမ်းဆီးရမိသည့် နော်သော့သွဲ့ထူးအတွက် စင်ကာပူအလုပ်ရှင်က နစ်နာကြေး ကျပ် ၃၄ သိန်းကျော် ပြန်လည်ပေးအပ်

တစ်သောင်းတန်ငွေစက္ကူအတုများ ဖြင့် တရားစွဲဆို ဖမ်းဆီးခြင်းခံရသည့် နော်သော့သွဲ့ထူးအား ၄င်း၏စင်ကာပူနိုင်ငံ အလုပ်ရှင်က ကျပ်ငွေ ၃၄ သိန်းကျော်ကို ဇန်နဝါရီ ၈ရက်က ဒိုက်ဦးမြို့နယ်က ဘဏ်တစ်ခုသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဝင်းက ပြောကြားသည်။

” မနေ့က လွှဲပေးလိုက်တာပါ။ သူဆုံးရှုံးသွားတဲ့ ၂၉ သိန်းခြောက်သောင်း အစားကို အခု ၃၄ သိန်းအစွန်းထွက်လေးကို လွှဲပေးလိုက်တယ်။ ကျွန်တော်တို့ကတော့ ပြည်သူက နစ်နာတဲ့အတွက် အခုလို နစ်နာကြေးပြန်ပေးတာ ၀မ်းသာတာပေါ့။သူရသင့် ရထိုက်တဲ့အခွင့်အရေးပဲ။ သူများနိုင်ငံမှာ အလုပ် လုပ်ပြီးတော့ ငွေတုတွေနဲ့ တိုးပြီးတကယ်နစ်နာတဲ့အပြင်ကို အဖမ်းပါခံရတယ်ဆိုတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အလုပ်တစ်ခုလို့မြင်တယ်။ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ထင်တယ်” ဟု ဦးလှဝင်းက ရှင်းပြသည်။

လက်ရှိတွင် နော်သော့သွဲ့ထူးအနေဖြင့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ ကို ဆက်လက်ဖြေရှင်းရန်ကျန်ရှိနေသေးပြီး၊ လာမည့် ဇန်နဝါ၇ီ ၁၇ ရက်တွင် ဆက်လက်စစ်ဆေးရန် ချိန်း ဆိုထားကြောင်းသိရသည်။

Credit-မင်းရန်နောင်/PyiMyanmar