တိုင်းရင်းသားတစ်ဦး၏နာကျင်မှုက အခြားတစ်ဦးနှင့်သက်ဆိုင်သည်ဆိုသော စိတ်ဓာတ်မွေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားတစ်ဦး၏ နာကျင်မှု သည် အခြားတစ်ဦးနှင့်သက်ဆိုင် သည်ဆိုသော စိတ်ဓာတ်များမွေး မြူရန်လိုအပ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့တွင် မြစ် ကြီးနားမြို့ရှိ မနောကွင်း၌ပြုလုပ် သည့်(၇၁)နှစ်မြောက် ကချင် ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်စဉ် ယင်းသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်မတို့နိုင်ငံက အေးချမ်း သာယာသွားမယ်ဆိုရင်၊ကျွန်မတို့ နိုင်ငံအတွင်းမှာသာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့ တဲ့အတိုင်းပဲ ၁၀ နှစ်အတွင်း တောင်မဟုတ်ဘူး။ ကျွန်မတို့ဟာ တစ်နှစ်အတွင်းမှာတောင် သိသိ သာသာအပြောင်းအလဲတွေကို မြင်ရလိမ့်မယ်လို့ ကျွန်မယုံကြည် ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

လက်ရှိပြည်ထောင်စုသည် အားလုံးလိုလားသည့်၊ စစ်မှန် သည့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုအပြည့်အ၀မဖြစ်သေး၍ ဖြစ်လာစေရန် အစိုးရသာမက ပြည်သူလူထုအားလုံးက ၀ိုင်းဝန်း ကြိုးစားရန် လိုအပ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းသည်။

‘‘အစိုးရတစ်ခုတည်းကိုအား ကိုးတယ်ဆိုတာ ဒီမိုကရေစီမဆန် ပါဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူ လူထုအပေါ်မှာ အခြေခံတဲ့စနစ်မို့ လို့ ပြည်သူလူထုအားကိုလည်း အစိုးရက အားကိုးရပါတယ်’’ ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားများ၏ ၀တ် စားဆင်ယင်မှုသည် တစ်ဖက်နှင့် တစ်ဖက်မတူညီသော်လည်း ယခု ကဲ့သို့ တိုင်းရင်းသားများစုစည်း ကာ ၀တ်စုံပေါင်းများစွာတွေ့ရ ချိန်တွင် လွန်စွာဝမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘ဒါ ကျွန်မတို့နိုင်ငံပဲ။ ကျွန်မ တို့ရဲ့ ပြည်ထောင်စုပဲ။ ပြည် ထောင်စုဖွားတိုင်းရင်းသားများ ဟာ တစ်ဦးနဲ့တစ်ဦးမတူပေမယ့် တစ်ဦးချင်းတစ်ဦးချင်းဟာ သူ့ရဲ့ လှပပုံလှပနည်းနဲ့ လှပနေကြ တယ်’’ ဟု ၎င်းကဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဧည့်ခန်းနံရံတွင် ဖခင်ဗိုလ် ချုပ်အောင်ဆန်းနှင့် ကချင်အမျိုး သမီးများရွှင်ပျစွာ ပြုံးရယ်နေ သည့်ဓာတ်ပုံကြောင့် အမြဲဂုဏ်ယူ သည်ဟုလည်း အတိုင်ပင်ခံပုဂ္ဂိုလ် ကမနောကွင်း၌ ပြောကြားသည်။

‘‘ဒီလိုတိုင်းရင်းသားတွေနဲ့ အတူ နေရတာဟာ၊တိုင်းရင်းသား တွေနဲ့အတူလက်တွဲပြီးတော့ ဘ၀ ကို ရင်ဆိုင်ရတာပျော်ရွှင်ဖွယ်ရာ ကောင်းတယ်၊ ကျေနပ်ဖွယ်ရာ ကောင်းတယ်ဆိုတာ ပြနေတာပဲ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်မှုဗဟိုကော်မတီဝင်ဥက္ကဋ္ဌ ဖြစ်သူဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၉ ရက်တွင် ပူ တာအိုရှိ အထက်နမ့်ထွမ်ရေ အား လျှပ်စစ်စီမံကိန်းဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားတွင် ဒေါ် အောင်ဆန်းစုကြည်က ၀န်ထမ်း များနှင့်ပတ်သက်၍ နယ်စပ်ဒေသ သို့လာရောက် တာဝန်ထမ်း ဆောင်ရခြင်းအပေါ် ဂုဏ်ယူကျေ နပ်စေလိုကြောင်းနှင့် ပြည်ထောင် စုစိတ်ဓာတ်များပွားအောင် ဒေသ ခံပြည်သူလူထု၏လိုအပ်ချက်၊ ဒေသခံပြည်သူလူထု၏စိုးရိမ်မှု များ၊ မျှော်လင့်ချက်များကိုလည်း နားလည်အောင် ကြိုးစားစေလို ကြောင်း တိုက်တွန်းသည်။

‘‘အားလုံးဟာ တစ်နိုင်ငံလုံး ရဲ့ဝန်ထမ်းတွေဖြစ်တယ်။ တစ်ဦး ချင်းတစ်ဦးချင်းဟာ တစ်နိုင်ငံလုံး အပေါ်မှာ သစ္စာခံရမယ်။ တစ်နိုင် ငံလုံးအတွက် တာဝန်ယူရမယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ၀န်ထမ်းလုပ်ခြင်း သည် သူဌေးဖြစ်ရန်လုပ်ခြင်း မဟုတ်ကြောင်းနှင့် သူဌေးဖြစ်ချင် ပါက စီးပွားရေးလုပ်ရန်သာရှိ ကြောင်း ပြောကြားသည်။

‘‘ဒါကို ဘာဖြစ်လို့ ကျွန်မ သတိပေးရတာလဲဆိုတော့ ကျွန်မ တို့ရဲ့နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ၀န်ထမ်းတွေအပေါ်မှာ အခုထက် ထိ ၁၀၀ ရာခိုင်နှုန်းယုံကြည်မှု ရှိတယ်လို့ ပြောလို့မရသေးပါဘူး။ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိ အောင် ကျွန်မတို့ ကြိုးစားရမယ်။ ဒီလိုကြိုးစားပြီးတော့ ပြည်သူ ပြည်သားတွေက နိုင်ငံ့ဝန်ထမ်း တွေအပေါ်မှာ ယုံကြည်မှုရှိနေမှ ကျွန်မတို့နိုင်ငံဟာ အမှန်တကယ် တိုးတက်တဲ့နိုင်ငံလို့ခေါ်နိုင်မှာပါ’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။

တိုင်းရင်းသားပြည်သူများ ကလည်း အစိုးရ၀န်ထမ်းများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချစေ လိုကြောင်းနှင့်ညီရင်းအစ်ကိုများ လို စိတ်ထားစေလိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က တိုက် တွန်းသည်။

7day dayly