ကမ္ဘာပေါ်မှာရှိတဲ့  အလှဆုံးဆိုတဲ့ နေရာမျာ;

တစ်ကယ်တော့ ကျွန်တော် တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ စာသားတွေနဲ့နှိုင်းယှဉ်လို့မရလောက်အောင် လှပတဲ့ အရာတွေ နဲ့ဖွဲ့စည်းထားပါတယ်။ လူတိုင်းလူတိုင်းဟာ အဲဒီလှပတဲ့ နေရာတွေကိုသွားဖို့ အိပ်မက်မက်ကြတယ် ။ သွားရောက်ချင်ကြ တယ်။ သူတို့ရဲ့ဘ၀တစ်လျှောက်လုံးမှာတော့ မြို့ကြီးပြကြီးမှာနေထိုင်ကြတဲ့ လူအများ စုကတော့ အန္တရာယ် များတဲ့ အဆောက်အအုံတွေ…ကြားမှာကြီးပြင်းလာကြရပြီး လူတွေပြုပြင်ဖန်တီးထားတဲ့ အရာတွေနဲ့သာရင်းနှီးလာကြပြီး သဘာဝအလှ အပကိုသိရှိနိုင်တဲ့ သူနည်းလာပါပြီ။ အောက်မှာပြထားတဲ့ ပုံတွေကို သူငယ်ချင်းတို့ရဲ့မျက်လုံးနဲ့..ရှူမြင်လိုက်ပါ။ နှလုံးသားဆီကိုစီးဆင်းလာတဲ့ နွေးထွေးမှုတွေကို ခံစားလိုက်ပါ။ ဒါဟာနေရာအနည်းငယ်ကလှပတဲ့  နေရာလေးတွေကိုဘဲကွက်ရိုက်ထားခြင်းမဟုတ်ဘဲ လူသားတွေအနေနဲ့ အမှန်တကယ် ရောက်ရှိဖို့ခက်တဲ့ နေရာတွေလည်းပါဝင်ပါတယ်…


၁။ အမေရိကန်က Grand Canyon အမေရိကန်မှာရှိတဲ့ …Colorado မြစ်ကြားကမတ်စောက်တဲ့ ..ချောက် နက်ကြီးပါ..အဲဒီမှာအံ့သြဖွယ်သဘာဝတရားတွေနဲ့ပြည့်နှက်နေပါတယ်။ အရှည်က ၂၇၇ မိုင်ရှည်ပြီး အကျယ် က ၄ မိုင်ကနေ ၁၈မိုင်အထိရှိပါတယ်။ အနက်ကတော့ ၁ မိုင်ေ လာက်ရှိပါတယ်။ ပညာရှင်တွေကတော့ ဒီနက်ရှိုင်းတဲ့ ချောက်ကြီးဟာ..လွန်ခဲ့တဲ့ .နှစ်ပေါင်း ၆ သန်း လာက်ကတည်းကဖြ စ်ပေါ်ခဲ့တယ်လို့ဆိုပါတယ် ။ By Thutamm Posted on August 3, 2018 ကမ္ဘာပေါ်မှာရှိတဲ့  အလှဆုံးဆိုတဲ့ နေရာများ MENU ဒီနေရာကို Pueblo လူမျိုးစုတွေရဲ့နေရာလို့လည်းခန့်မှန်းရပါတယ်။ ပထမဆုံး Grand တောင်ကြားကို ဥရောပလူမျိုးတွေစ တင်ရောက်ရှိလာခဲ့တာဟာ…၁၈၆၉ ကပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အနက်ရှိုင်းဆုံးတောင်ကြားသာမက..အလွန်အရွယ်အစားကြီးမားပြီး…အသေးစိတ်အလှအပတွေခြယ်မှုန်းထားတဲ့ ကုန်းမြေလည်းဖြစ်ပါတယ်။ ဒီတောင်ကြားဟာ..United State ရဲ့..ပထမဆုံးပထမဆုံးအမျိုး သားပန်းခြံလည်းဖြစ်ပါတယ်။ တစ်နှစ်ကို ဧည့်သည်ပေါင်း..၅ သန်းလောက်ဆွဲဆောင်နိုင်ပါတယ်။ ရာသီဥတုကလည်းဒီတောင်ကြားမှာ အတက်အကျ မြန်လွန်းပါတယ်။ သစ်တောထူတဲ့ နေရာတွေမှာ..ဆီးနှင်းတွေကျ နေစဉ်မှာပဲ။ အတွင်းပိုင်းချောက်ထဲမှာတော့ ..ရာသီဥတုအပြောင်းအလဲသိပ်မမြန်တာကြောင့်…ကန္တာရဆန်တဲ့ အပူချိန် မျိုးရှိပါ တယ် ။


၂။ သြစတြေးလျ ရဲ့ မဟာသန္တာကျောက်တန်း Australia ရဲ့အရှေ့ဘက် အငူမှာရှိတဲ့…ဘယ်ရီယာသောင်ခုံကျောက်တန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံးသန္တာကျာက်တန်းဖြစ်ပြီး သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ သူဟာ အမျိုးသားအမွေအနှစ်သာမက ကမ္ဘာ့ အမွေအနှစ် အဖြစ်ပါ ထည့်သွင်းဖော်ပြခြင်းခံရပါတယ်။ သူဟာ..ကျွန်းပေါင်း ၆၀၀ ကျော်နဲ့..သန္တာကျောက် ဆောင်တွေရှိပြီး…အကျယ် ကတော့ 300 000 sq km လောက်ရှိပါတယ်။ ဒီအငူဟာ..သန္တာကျောက် တန်းပေါင်းများစွာ..ကျောက်ဆောင်သဲမြေများစွာ နဲ့ ဖွဲ့စည်းထားပြီး..ကျယ်ပြန့်တဲ့ ပင်လယ်ကြီးရဲ့အလှအပကိုခံစားနိုင်ပါတယ်။ အစိမ်းရောင်လိပ်တွေ ဝေလငါးပေါင်းများစွာ… လင်းပိုင်တွေနဲ့…အမျိုးအစားပေါင်းလေးထောင်ကျော်တဲ့ ..ခရုတွေ..ပက်ကျိတွေနဲ့..ငါးအမျိုးအစားပေါင်း ၁၅၀၀ ကျော်..ငှက် အမျိုးအစားပေါင်း..၂၀၀ ကျော်ကိုလည်းတွေ့နိုင်ပါတယ်။ နိုင်ငံခြားသားတွေအတွက်အဓိကဆွဲဆောင်မှုရှိတဲ့ နေရာဖြစ် သလို သန်းချီတဲ့ တိုးရစ်စ်တွေကိုလည်းခေါ်ဆောင်ပေးနိုင်ပါတယ် ။ အားကစားအနေနဲ့လည်း ရေလွှာလျှော စီးတာ..ရေကူးတာ..သဲသောင်ပြင်ဘော် လီဘောနဲ့အခြားနည်းမျိုးစုံကိုလည်းကစား နိင်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ရာသီဥတုပြောင်းလဲမှု နဲ့ ရေအပူချိန်မြင့်မားမှုတွေကြောင့် မဟာသန္တာကျောက်တန်း ကြီးရဲ့ အစိတ်အပိုင်းအတော် များများ ပျက်စီးခဲ့ရတာဟာ ၀မ်းနည်းစရာပါ။


၃။ ကနေဒါနိုင်ငံရဲ့ Canadian တောင်တန်း ဖော်ပြနိုင်စွမ်းမရှိလောက်အောင်လှပတဲ့  ကနေဒီယန်တာင်တန်းတွေဟာ မြောက်အမေရိကတောင်တန်းတွေနဲ့တစ်ဆက် တည်းဖြစ်ပါတယ်။ ဒီတောင်တန်းတွေဟာဧည့်သည်တွေအတွက် ထူးခြားတဲ့ နယ်မြေဖြစ်ပါတယ်။ ဒီတောင်တန်းတွေဟာ အမေရိကန်တောင်တန်းတွေထက် သက်တမ်းရင့်ပါတယ်။ ကနေဒီယန်တောင်တန်းတွေမှာ..အမျိုး သားပန်းခြံအနေနဲ့ ၅ ခု ပါဝင်ပြီး…အဲဒီအထဲကမှလေးခုက.. ကမ္ဘာ့ အမွေအနှစ် UNESCO ရဲ့အစိတ်အပိုင်းပေါင်းစပ်ပါဝင်ပါတယ်။ ကနေဒီယမ်တောင်တန်းမှာ Robson တောင် ကအမြင့်ဆုံးဖြစ်ပြီး ၁၂၉၇၂ပေ မြင့်ပါတယ်။ ဒီတောင်ပေါ်တက်ဖို့ကတော့ စိန်ခေါ်မှုတစ်ခု ပါပဲ။ တောင်တန်းဆိုပေမယ့် အေးချမ်း တဲ့ သဘာဝရှု့ခင်းတွေ ရေကန်တွေရှိနေတာကြောင့် ဒီတောင်တန်းတွေဟာ..အမြင့်ြ ကိုက်သူတွေအတွက်နဲ့ လမ်းလျှောက်ချင်သူတွေအဖို့တော့ ..အကြိုက်ပဲပေါ့။


၎။ နော်ဝေနိုင်ငံမှ Sognefjord ( Sogne Fjord ) ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့  ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံး ရေလက်ကြားေ နရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့ နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်တဲ့ ဒီနေရာရဲ့ ရေအနက်ဟာ ၁၃၀၀ မီတာ အ ထိရှိပါတယ် ။ ကျယ်ပြန့်တဲ့ အပြာရောင် ရေပြင်ကြီးရယ် လှပတဲ့  ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့  ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ် ။


၅။ Baekdu တောင်ထိပ်မှ လှပသောကောင်းကင်ရေကန် ကောင်းကင်ရေကန်ဟာ တရုတ်ပြည်နဲ့ မြောက်ကိုရီးယား ကြားနယ်စပ်က မီးတောင်ဝတစ်ခုဖြစ်ပါတယ် ။ ဒီရေကန်ဟာ မီးတောင်ဟောင်းတစ်ခုဖြစ်တဲ့  Baekdu တောင်ရဲ့ ထိပ်တည့်တည့်မှ ဘေစင်ကဲ့ သို့ မီးတောင်ဝပေါ်မှာ တည်ရှိပြီး Baekdudaegan တောင်းတန်းတွေရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရေကန်ဟာ Ryanggang စီရင်စုရဲ့ အ စိတ်အပိုင်းထဲမှာလည်းပါဝင်ပါတယ် ။ လှပတဲ့  တောင်ထိပ်ပေါ်မှာ သဘာဝအလား ဖြစ်ပေါ်နေတဲ့  နတ်ေ၇ကန်လေးကို အလည်တခေါက်သွားရောက်ကြဖို့ တိုက်တွန်းလိုပါတယ် ။ သဘာဝအလှတဲ့  ပြည့်စုံတဲ့  ကောင်းကင်ရေကန် လေးကို ခံစာြး ကည့်ကြရအောင်လား ။
ရေးသားသူ – သက်တန့်ချို