2008 Constitution remh ding Committee dirh awk ah Agenda luhpi mi Ralkap pawl nih dirh in duhlonak alanhter.

ဖွဲ့စည်းပုံပြင်ဖို့ကော်မတီဖွဲ့မယ့်အဆို တပ်ကိုယ်စားလှယ်တွေမတ်တပ်ရပ်ကန့်ကွက်

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ်ကိုယ်စားလှယ်တွေ မတ်တပ်ရပ်ကန့်ကွက် ဇန်နဝါရီ-၂၉၊၂၀၁၉ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါတီကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ဦးအောင်ကြည်ညွန့်ရဲ့ အဆိုဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ ဥပဒေကို လက်တလုံးခြားလုပ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်စရာမလိုဘူးလို့လည်း ဆိုပါတယ် ။တပ်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုကို ပြည်ထောင်စုလွှတ်တော်နာယကကလက်မခံဘဲ ပယ်ချခဲ့ပါတယ်။ နာယကရဲ့ ပယ်ချမှုကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်မိနစ်ခန့်ကြာ မတ်တပ်ရပ်ကန့်ကွက်ခဲ့တာပါ။ လွှတ်တော်အစည်းအဝေးခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်စည်းကမ်းထိန်သိမ်းရေးအတွက် ပြန်ထိုင်ကြဖို့ ပြည်ထောင်စုလွှတ်တော်နာယကက နှစ်ကြိမ်ပြောကြားပြီး တောင်းပန်ခဲ့တာပါ။ ဒီအဆိုဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာလည်း အလားတူပုံစံမျီုးနဲ့ ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဥပဒေနဲ့ညီညွတ်ကြောင်း ဒီချုပ်ပါတီက ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းခဲ့ပြီးနောက်မှာ တော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၃၉၄ မဲနဲ့ အဆိုကို ဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။မဲပေးခွင့်ရှိသူပေါင်း ၆၀၁ ဦးမှာ ထောက်ခံမဲ ၃၉၄၊ ကြားနေမဲ ၂မဲ၊ ကန့်ကွက်မဲ ၁၈ မဲရှိခဲ့တဲ့အတွက် မဲလုံးဝမပေးတဲ့အရေအတွက်က ၁၈၇ ဦးဖြစ်ပါတယ်။

Posted by 7Day TV on Tuesday, 29 January 2019

U Aungkyi nih mah Agenda hi biapi ngai tiah Parliament ah luhpi mi asi, Parliament member 394 nih cun Constitution remh khawhnak Committe dirh tha ti in vote pek asi.

Mah Video hi rakngai hmanh uh.