ေဖေဖာ္ဝါရီလထဲမွာ မဂၤလာပြဲ က်င္းပေတာ့မယ့္ JUSTIN BIEBER

Justin Bieber နဲ႔ Hailey Baldwin ဟာ အားလုံးသိၾကတဲ့အတိုင္းပဲ 2018 ထဲမွာ သီတင္းပတ္အနည္းငယ္တြဲၿပီးေနာက္ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။ေစ့စပ္ၿပီးေနာက္မွာ အသက္ ၂၂ ႏွစ္သာ ရွိေသးတဲ့ ငယ္႐ြယ္တဲ့ေမာ္ဒယ္ေလး Haileyက Justin နဲ႔ လက္ထပ္ဖို႔ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ျဖစ္ဖို႔အၿမဲတမ္းအဆင္သင့္ျဖစ္ေနခဲ့ေပမယ့္ Justin ကေတာ့ လက္ထပ္ဖို႔ကိုရက္ေ႐ႊ႕ေနခဲ့ၿပီး လက္ထပ္ပြဲ အႀကီးႀကီးမလုပ္ခ်င္ဘူးဆိုၿပီးေတာ့ တိတ္တဆိတ္လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ Hailey ကေတာ့ မိန္းကေလးေတြရဲ႕စိတ္ကူးအိပ္မက္ေတြအတိုင္းပဲ ႏွစ္ဖက္မိဘေတြအစုံအလင္နဲ႔ ခမ္းနားတဲ့မဂၤလာပြဲမ်ိဳးကို ဆႏၵရွိေနခဲ့ပါတယ္။

ပရိသတ္ေတြၾကားထဲမွာပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြကေတာ့ Hailey က သူ႔ရဲ႕ညီမတစ္ဝမ္းကြဲနဲ႔ သူငယ္ခ်င္းေတြကို သတို႔သမီးအရံေတြလုပ္ေပးဖို႔ေျပာထားၿပီးၿပီဆိုတာေရာ မဂၤလာပြဲအတြက္ ေဈးဝယ္ထြက္ေနတယ္ဆိုတာေတြေရာေၾကာင့္ တစ္ကမာၻလုံးကပရိသတ္ေတြက ကမာၻ႔ထိပ္တန္းအဆိုေတာ္ Justin Bieber နဲ႔ ကမာၻေက်ာ္ ေမာ္ဒယ္ေလး Hailey တို႔ရဲ႕ မဂၤလာပြဲႀကီးကို Prince Harry နဲ႔ Megan Markle တို႔ ရဲ႕မဂၤလာေဆာင္ႀကီးလိုပဲ စိတ္လႈပ္ရွားရင္ခုန္စြာေစာင့္ေမွ်ာ္လ်က္ရွိၾကတာပါ။

ဒါေပမယ့္ ဒီၾကားထဲမွာပဲ Selena နဲ႔ တစ္ႏွစ္ျပည့္ေအာင္ေဝးၿပီးမေနႏိုင္တဲ့ Justin Bieber က Selena ေဆး႐ုံတက္ရတဲ့သတင္းၾကားၿပီး ငိုေနတယ္ဆိုတဲ့အျဖစ္အပ်က္ေရာ၊ Selena ေဆး႐ုံကျပန္ဆင္းလာေတာ့ သူငယ္ခ်င္းေတြကတစ္ဆင့္ အတင္းလိုက္ဆက္သြယ္ေနတယ္ဆိုတဲ့ ေကာလဟလေတြေရာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက Justin တို႔အိမ္ေထာင္ေရးကေတာ့ လက္ထပ္ပြဲမက်င္းပခင္ကကို အက္ေၾကာင္းထင္ေနၿပီလို႔ မွတ္ခ်က္ခ်ေနခဲ့ၾကပါတယ္။

ဒါတင္မကေသးပါဘူး Justin က သူ Selena ကို အၿမဲတမ္းခ်စ္ေနမယ္၊အၿမဲတမ္းဂ႐ုစိုက္ေနဦးမွာပဲလို႔ အင္တာဗ်ဴးေတြမွာေျဖဖူးခဲ့သလိုပဲ Selena ရဲ႕ က်န္းမာေရးအေျခအေနကိုငဲ့ၿပီး Selena ေနမေကာင္းမခ်င္း မဂၤလာပြဲကိုအကန႔္အသတ္မဲ့ေ႐ႊ႕ဆိုင္းတယ္ဆိုတဲ့သတင္းေတြလည္းထြက္လာခဲ့ပါေသးတယ္။ဒါေပမယ့္အခုေတာ့ Selena က က်န္းမာ႐ႊင္လန္းစြာနဲ႔ အရင္ကထက္ေတာင္အမ်ားႀကီးပိုလွလာၿပီး ပရိသတ္ေတြေရွ႕ကိုေပ်ာ္႐ႊင္လန္းဆန္းစြာထြက္လာခဲ့တာေၾကာင့္ Justin က လည္း စိတ္ဒုံးဒုံးခ်ၿပီး လက္ထပ္ပြဲလုပ္ဖို႔ဆုံးျဖတ္လိုက္ဟန္တူပါတယ္။

အခုရက္ပိုင္းထြက္လာတဲ့သတင္းေတြအရ Hailey က သူမရဲ႕နီးစပ္ရာ သူငယ္ခ်င္းေတြေဆြမ်ိဳးေတြ အသိမိတ္ေဆြေတြကို February 28 ရက္ေန႔မွာအားေအာင္လုပ္ထားဖို႔ တိုးတိုးတိတ္တိတ္မွာထားတယ္လို႔ဆိုပါတယ္။ Hailey နဲ႔ ရင္းႏွီးသူေတြေျပာစကားအရ အဲဒီေန႔ဟာ Hailey နဲ႔ Justin တို႔ရဲ႕လက္ထပ္ပြဲေန႔ျဖစ္မယ္လို႔ခန႔္မွန္းေနၾကၿပီး Justin ကေတာ့ တရားဝင္ေၾကျငာထားျခင္းမရွိေသးပါဘူး။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Justin နဲ႔ Hailey ဟာ ေနာက္ဆုံးေတာ့ တကယ္ကိုပဲ လူသိရွင္ၾကားလက္ထပ္ပြဲႀကီးက်င္းပၿပီးလက္ထပ္သြားၾကေတာ့မယ္ထင္လား။ February လ (၂၈) ရက္ေန႔မွာ Selena Gomez ဟာ Justin Bieber ကို တကယ္ပဲဆုံးရႈံးလိုက္ရေတာ့မွာျဖစ္ၿပီး February လ (၂၈) ရက္ေန႔မွာပဲ ဆယ္ႏွစ္ဝန္းက်င္ၾကာျမင့္ခဲ့တဲ့ Jelena ဇာတ္လမ္းလည္းၿပီးဆုံးသြားေတာ့မယ္ေပါ့။ ပရိသတ္ႀကီးေရာ Justin နဲ႔ Hailey ကို သေဘာတူၾကလား။ ေျပာခဲ့ၾကပါဦး။

share from : burmese.asia

Unicode ….

ဖေဖော်ဝါရီလထဲမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် Justin Bieber

Justin Bieber နဲ့ Hailey Baldwin ဟာ အားလုံးသိကြတဲ့အတိုင်းပဲ 2018 ထဲမှာ သီတင်းပတ်အနည်းငယ်တွဲပြီးနောက် စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။စေ့စပ်ပြီးနောက်မှာ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ငယ်ရွယ်တဲ့မော်ဒယ်လေး Haileyက Justin နဲ့ လက်ထပ်ဖို့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေခဲ့ပေမယ့် Justin ကတော့ လက်ထပ်ဖို့ကိုရက်ရွှေ့နေခဲ့ပြီး လက်ထပ်ပွဲ အကြီးကြီးမလုပ်ချင်ဘူးဆိုပြီးတော့ တိတ်တဆိတ်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် Hailey ကတော့ မိန်းကလေးတွေရဲ့စိတ်ကူးအိပ်မက်တွေအတိုင်းပဲ နှစ်ဖက်မိဘတွေအစုံအလင်နဲ့ ခမ်းနားတဲ့မင်္ဂလာပွဲမျိုးကို ဆန္ဒရှိနေခဲ့ပါတယ်။

ပရိသတ်တွေကြားထဲမှာပျံ့နှံ့နေတဲ့ သတင်းတွေကတော့ Hailey က သူ့ရဲ့ညီမတစ်ဝမ်းကွဲနဲ့ သူငယ်ချင်းတွေကို သတို့သမီးအရံတွေလုပ်ပေးဖို့ပြောထားပြီးပြီဆိုတာရော မင်္ဂလာပွဲအတွက် ဈေးဝယ်ထွက်နေတယ်ဆိုတာတွေရောကြောင့် တစ်ကမ္ဘာလုံးကပရိသတ်တွေက ကမ္ဘာ့ထိပ်တန်းအဆိုတော် Justin Bieber နဲ့ ကမ္ဘာကျော် မော်ဒယ်လေး Hailey တို့ရဲ့ မင်္ဂလာပွဲကြီးကို Prince Harry နဲ့ Megan Markle တို့ ရဲ့မင်္ဂလာဆောင်ကြီးလိုပဲ စိတ်လှုပ်ရှားရင်ခုန်စွာစောင့်မျှော်လျက်ရှိကြတာပါ။

ဒါပေမယ့် ဒီကြားထဲမှာပဲ Selena နဲ့ တစ်နှစ်ပြည့်အောင်ဝေးပြီးမနေနိုင်တဲ့ Justin Bieber က Selena ဆေးရုံတက်ရတဲ့သတင်းကြားပြီး ငိုနေတယ်ဆိုတဲ့အဖြစ်အပျက်ရော၊ Selena ဆေးရုံကပြန်ဆင်းလာတော့ သူငယ်ချင်းတွေကတစ်ဆင့် အတင်းလိုက်ဆက်သွယ်နေတယ်ဆိုတဲ့ ကောလဟလတွေရောကြောင့် ပရိသတ်တော်တော်များများက Justin တို့အိမ်ထောင်ရေးကတော့ လက်ထပ်ပွဲမကျင်းပခင်ကကို အက်ကြောင်းထင်နေပြီလို့ မှတ်ချက်ချနေခဲ့ကြပါတယ်။

ဒါတင်မကသေးပါဘူး Justin က သူ Selena ကို အမြဲတမ်းချစ်နေမယ်၊အမြဲတမ်းဂရုစိုက်နေဦးမှာပဲလို့ အင်တာဗျူးတွေမှာဖြေဖူးခဲ့သလိုပဲ Selena ရဲ့ ကျန်းမာရေးအခြေအနေကိုငဲ့ပြီး Selena နေမကောင်းမချင်း မင်္ဂလာပွဲကိုအကန့်အသတ်မဲ့ရွှေ့ဆိုင်းတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာခဲ့ပါသေးတယ်။ဒါပေမယ့်အခုတော့ Selena က ကျန်းမာရွှင်လန်းစွာနဲ့ အရင်ကထက်တောင်အများကြီးပိုလှလာပြီး ပရိသတ်တွေရှေ့ကိုပျော်ရွှင်လန်းဆန်းစွာထွက်လာခဲ့တာကြောင့် Justin က လည်း စိတ်ဒုံးဒုံးချပြီး လက်ထပ်ပွဲလုပ်ဖို့ဆုံးဖြတ်လိုက်ဟန်တူပါတယ်။

အခုရက်ပိုင်းထွက်လာတဲ့သတင်းတွေအရ Hailey က သူမရဲ့နီးစပ်ရာ သူငယ်ချင်းတွေဆွေမျိုးတွေ အသိမိတ်ဆွေတွေကို February 28 ရက်နေ့မှာအားအောင်လုပ်ထားဖို့ တိုးတိုးတိတ်တိတ်မှာထားတယ်လို့ဆိုပါတယ်။ Hailey နဲ့ ရင်းနှီးသူတွေပြောစကားအရ အဲဒီနေ့ဟာ Hailey နဲ့ Justin တို့ရဲ့လက်ထပ်ပွဲနေ့ဖြစ်မယ်လို့ခန့်မှန်းနေကြပြီး Justin ကတော့ တရားဝင်ကြေငြာထားခြင်းမရှိသေးပါဘူး။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin နဲ့ Hailey ဟာ နောက်ဆုံးတော့ တကယ်ကိုပဲ လူသိရှင်ကြားလက်ထပ်ပွဲကြီးကျင်းပပြီးလက်ထပ်သွားကြတော့မယ်ထင်လား။ February လ (၂၈) ရက်နေ့မှာ Selena Gomez ဟာ Justin Bieber ကို တကယ်ပဲဆုံးရှုံးလိုက်ရတော့မှာဖြစ်ပြီး February လ (၂၈) ရက်နေ့မှာပဲ ဆယ်နှစ်ဝန်းကျင်ကြာမြင့်ခဲ့တဲ့ Jelena ဇာတ်လမ်းလည်းပြီးဆုံးသွားတော့မယ်ပေါ့။ ပရိသတ်ကြီးရော Justin နဲ့ Hailey ကို သဘောတူကြလား။ ပြောခဲ့ကြပါဦး။

share from : burmese.asia